Friday, December 28, 2012

U8950D ကို root လုပ်နည်း

အခုပြောပြပေးမှာကတော့ Huawei U8950D ကို root လုပ်နည်းဖြစ်ပါတယ်။ U8825D ဟာ အရင်က ထုတ်ခဲ့တဲ့ Huawei ဖုန်းတွေလို တိုက်ရိုက် root တန်းလုပ်လို့မရတော့ပါဘူး။ Huawei ဆိုက်မှ bootloader ကို unlock လုပ်ခွင့်ပေးမှ root လုပ်လို့ရမှာဖြစ်ပါတယ်။ အခုဆိုရင်တော့ U8950D အတွက် bootloader unlock ကို လုပ်ခွင့်ပေးလိုက်ပါပြီ။

၁။ Bootloader unlock code တောင်းနည်း
- Bootloader unlock code တောင်းရန် Huawei official ဆိုက်သို့သွားပါ။ U8825D အတိုင်း ဖွန်ဖြည့်ပါ


Gmail ထဲသို့ unlock code ပို့ပေးပါလိမ့်မယ်။ unlock code ရပြီဆိုရင် bootloader unlock လုပ်လို့ရပါပြီ။
၂။ Bootloader unlock လုပ်နည်း
- ဖုန်းကို ဖွင့် ၍ computer ဖြင့်ချိတ်လိုက်လျှင် driver cd drive ပေါ်လာပါမယ်။ အဲဒီအထဲက adb driver ကို install လုပ်ပေးပါ။
- Bootloader unlock လုပ်တာဟာ ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေပျက်သွားနိုင်သောကြောင့် contact/ SMS တွေကို back up ယူထားပါ။ 
- လိုအပ်သော fastboot zip ဖိုင်ကို ဒေါင်းပါ။
- ဒေါင်း၍ ရလာသော fastboo zip ကိုဖြေလိုက်ပါ။
- ဖြေလို့ရလာတဲ့ fastboot.exe ပါတဲ့ folder ထဲတွင် window + right click ကိုနှိပ်၍ open command here ကိုရွေးလိုက်လျှင် cmd box တက်လာပါလိမ့်မယ်။
- ဖုန်းကို power ပိတ် battery ခဏ ဖြုတ်ထား၍ ပြီးလျှင် volume down+ power ကိုနှိပ်၍ fastboot mode ၀င်ပါ။
- ဖုန်းကို computer ဖြင့်ချိတ်လိုက်ပါ။
- စပြီးတော့ bootloader unlock လုပ်ပါမယ်။
- အရင်ဆုံး ဖုန်းကို computer က သိမသိစမ်းရအောင် အောက်ပါ command ရိုက်ပါ။
fastboot devices
- ဖုန်းကို computer က သိတယ်ဆိုရင် အောက်မှာ သိကြောင်း device id နဲ့ fastboot ဆိုတာပေါ်လာပါမယ်။
- bootloader unlock လုပ်ဖို့ အတွက် အောက်ပါ command ကိုရိုက်ပါ။
fastboot oem unlock နောက်မှာတော့ mail က ပို့ထားတဲ့ unlock code ထည့်ပါ။
- bootloader unlock ဖြစ်မဖြစ် စမ်းချင်ရင်တော့ အောက်ပါ command ဖြင့်စမ်းသပ်နိုင်ပါတယ်။
fastboot oem get-bootinfo
-Info မှာ bootloader lock State : UNLOCKED ဆိုရင် bootloader unlock လုပ်ချင်းပြီးဆုံးပါပြီ။
၃။ CWM recovery သွင်းနည်း

U8950D ToolKit rar ရယူရန် 

- CWM recovery သွင်းရန်  U8950D ToolKit လေးကို သုံးပါမည်။
- ဖုန်းကို fastboot ၀င်ပြီး install CWM ကိုနှိပ်လိုက်ရင်ရပါပြီ။
၎။ Root လုပ်နည်း
- လိုအပ်သော U8950D Root Zip ဖိုင်လေးကိုဒေါင်းပါ။
- ဒေါင်း၍ ရလာသော U8950DRoot zip ဖိုင်ကို sd card ထဲထည့်ပါ။ 
- ဖုန်းကို volume up + power ကို ပြိုင်တူ ၁၀ စက္ကန့်လောက် နှိပ်၍ CWM recovery mode သို့ဝင်ပါ။
- ပြီးလျှင် install zip from sdcard > choose zip from sdcard > U8950DRoot zip ကို update လုပ်ပါ။
- main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ ပြန်တက်လာရင်တော့ super su လေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။


U8950D ပါဝါပိတ်ပြီးအားသွင်းလျှင် CWM recovery ထဲ ရောက်သွားသည်ကိုဖြေရှင်းခြင်း

ရလာသော zip ဖိုင်ကိုဖြေထားပါ
ဖုန်းကိုပါဝါပိတ် ဓါတ်ခဲ ဖြုတ် ခဏစောင့် ဓါတ်ခဲပြန်ထည့်
volumedown+Power ကိုနှိပ်ပါ။
Logo လေးမှာရပ်နေ လိုက်မည်။ ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။
U8950D Recover ထဲမှ တရုတ်စာနှင့် window bat ဖိုင်လေးကို Run လိုက်ပါ။enter နှိပ်ပါ။
ဖုန်း reboot ကျသွားပါမည်။ပြန်တတ်လာတဲ့အထိစောင့်ပေးပါ။Recover ကိုဖြေရှင်းနိုင်ပါပြီ။

အားလုံးအဆင်ပြေကြပါစေ................