Friday, December 28, 2012

U8950D ကို root လုပ်နည်း

အခုပြောပြပေးမှာကတော့ Huawei U8950D ကို root လုပ်နည်းဖြစ်ပါတယ်။ U8825D ဟာ အရင်က ထုတ်ခဲ့တဲ့ Huawei ဖုန်းတွေလို တိုက်ရိုက် root တန်းလုပ်လို့မရတော့ပါဘူး။ Huawei ဆိုက်မှ bootloader ကို unlock လုပ်ခွင့်ပေးမှ root လုပ်လို့ရမှာဖြစ်ပါတယ်။ အခုဆိုရင်တော့ U8950D အတွက် bootloader unlock ကို လုပ်ခွင့်ပေးလိုက်ပါပြီ။

၁။ Bootloader unlock code တောင်းနည်း
- Bootloader unlock code တောင်းရန် Huawei official ဆိုက်သို့သွားပါ။ U8825D အတိုင်း ဖွန်ဖြည့်ပါ


Gmail ထဲသို့ unlock code ပို့ပေးပါလိမ့်မယ်။ unlock code ရပြီဆိုရင် bootloader unlock လုပ်လို့ရပါပြီ။
၂။ Bootloader unlock လုပ်နည်း
- ဖုန်းကို ဖွင့် ၍ computer ဖြင့်ချိတ်လိုက်လျှင် driver cd drive ပေါ်လာပါမယ်။ အဲဒီအထဲက adb driver ကို install လုပ်ပေးပါ။
- Bootloader unlock လုပ်တာဟာ ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေပျက်သွားနိုင်သောကြောင့် contact/ SMS တွေကို back up ယူထားပါ။ 
- လိုအပ်သော fastboot zip ဖိုင်ကို ဒေါင်းပါ။
- ဒေါင်း၍ ရလာသော fastboo zip ကိုဖြေလိုက်ပါ။
- ဖြေလို့ရလာတဲ့ fastboot.exe ပါတဲ့ folder ထဲတွင် window + right click ကိုနှိပ်၍ open command here ကိုရွေးလိုက်လျှင် cmd box တက်လာပါလိမ့်မယ်။
- ဖုန်းကို power ပိတ် battery ခဏ ဖြုတ်ထား၍ ပြီးလျှင် volume down+ power ကိုနှိပ်၍ fastboot mode ၀င်ပါ။
- ဖုန်းကို computer ဖြင့်ချိတ်လိုက်ပါ။
- စပြီးတော့ bootloader unlock လုပ်ပါမယ်။
- အရင်ဆုံး ဖုန်းကို computer က သိမသိစမ်းရအောင် အောက်ပါ command ရိုက်ပါ။
fastboot devices
- ဖုန်းကို computer က သိတယ်ဆိုရင် အောက်မှာ သိကြောင်း device id နဲ့ fastboot ဆိုတာပေါ်လာပါမယ်။
- bootloader unlock လုပ်ဖို့ အတွက် အောက်ပါ command ကိုရိုက်ပါ။
fastboot oem unlock နောက်မှာတော့ mail က ပို့ထားတဲ့ unlock code ထည့်ပါ။
- bootloader unlock ဖြစ်မဖြစ် စမ်းချင်ရင်တော့ အောက်ပါ command ဖြင့်စမ်းသပ်နိုင်ပါတယ်။
fastboot oem get-bootinfo
-Info မှာ bootloader lock State : UNLOCKED ဆိုရင် bootloader unlock လုပ်ချင်းပြီးဆုံးပါပြီ။
၃။ CWM recovery သွင်းနည်း

U8950D ToolKit rar ရယူရန် 

- CWM recovery သွင်းရန်  U8950D ToolKit လေးကို သုံးပါမည်။
- ဖုန်းကို fastboot ၀င်ပြီး install CWM ကိုနှိပ်လိုက်ရင်ရပါပြီ။
၎။ Root လုပ်နည်း
- လိုအပ်သော U8950D Root Zip ဖိုင်လေးကိုဒေါင်းပါ။
- ဒေါင်း၍ ရလာသော U8950DRoot zip ဖိုင်ကို sd card ထဲထည့်ပါ။ 
- ဖုန်းကို volume up + power ကို ပြိုင်တူ ၁၀ စက္ကန့်လောက် နှိပ်၍ CWM recovery mode သို့ဝင်ပါ။
- ပြီးလျှင် install zip from sdcard > choose zip from sdcard > U8950DRoot zip ကို update လုပ်ပါ။
- main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ ပြန်တက်လာရင်တော့ super su လေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။


U8950D ပါဝါပိတ်ပြီးအားသွင်းလျှင် CWM recovery ထဲ ရောက်သွားသည်ကိုဖြေရှင်းခြင်း

ရလာသော zip ဖိုင်ကိုဖြေထားပါ
ဖုန်းကိုပါဝါပိတ် ဓါတ်ခဲ ဖြုတ် ခဏစောင့် ဓါတ်ခဲပြန်ထည့်
volumedown+Power ကိုနှိပ်ပါ။
Logo လေးမှာရပ်နေ လိုက်မည်။ ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။
U8950D Recover ထဲမှ တရုတ်စာနှင့် window bat ဖိုင်လေးကို Run လိုက်ပါ။enter နှိပ်ပါ။
ဖုန်း reboot ကျသွားပါမည်။ပြန်တတ်လာတဲ့အထိစောင့်ပေးပါ။Recover ကိုဖြေရှင်းနိုင်ပါပြီ။

အားလုံးအဆင်ပြေကြပါစေ................

Huawei U8950D ကို official 4.0.4 တင်နည်း

-ဒေါင်း၍ ရလာသော zip ဖိုင်ကို zip ဖြေ၍ အထဲမှ UPDATE.APP ပါသော dload folder ကို format ရိုက်ထားတဲ့ sd card (အနည်းဆုံး 2GB) ထဲသို့ ထည့်ပါ။
-ဖုန်းကို ပိတ်၍ sd card ကိုထည့်ပါ။ (ဖုန်းရဲ့ battery အနည်းဆုံး ၈၀% လောက်ရှိရပါမည်။)
-volume up + power + volume down ကို ပြိုင်တူတွဲပြီး နှိပ်ပါ။ အောက်က ပုံအတိုင်း တွေ့ရပါမည်။
- update complete ဖြစ်သွားရင်တော့ ဖုန်းဟာ Reboot ကျသွားပါလိမ့်မယ်။ ၅ မိနစ် လောက်စောင့်ကြည့်ပါ။
- 3G logo မှာ looping ဖြစ်နေရင်တော့ ဖုန်းကို battery ဖြုတ်လိုက်ပါ။
- battery ပြန်တပ်ပြီး volume up + power နှိပ်၍ reboot ပြန်လုပ်ပါ။
- ဖုန်း စစ တက်တက်ချင်း မှာ ကြာပါတယ် စိတ် ရှည်ရှည်ဖြင့် စောင့်ပါ။
- home screen ပေါ်လာရင်တော့ Huawei U8950D ကို official 4.0.4 firmware တင်ခြင်း ပြီးပါပြီ။

Huawei U8950D ကို official 4.0.4 , build number B939 တင်နည်း ကို အောက်က လင့်တွေမှာ ဒေါင်းယူပါ။
http://www.huaweidevice.com/cn/downloadCenter.do?method=toDownloadFile&flay=software&softid=NDIwOTc=

တရုတ်စာလုံးအနီလေးကို နှိပ်လိုက်ပါ
အားလုံးအဆင်ပြေကြပါစေ………………..

U8825D ICS Firmware များ(မြန်မြန်ယူပါ) လင့်မသေခင်



U8825D အတွက် ICS Firmware ကို ရှာမတွေ့တဲ့ သူတွေအတွက်
ကျွန်တော် ရှာဖွေ ပြီး တင်ပေးလိုက်ပါတယ်…

ယခုတဖန် အသစ်ပေးလိုက်တဲ့ Link တွေကို မြန်မြန်လေး ဆွဲထားကြပါ Link တွေ သေသွားနိုင်လို့ပါ။
အဆင်မပြေဖြစ်ခဲ့တဲ့ သူတွေလဲ ပြန်လည်အဆင်ပြေနိုင်ကြပါစေ....
Download Link :

华为Ascend G330D固件(U8825D,Android 4.0,V100R001C17B932,中国联通) 2012-08-17
华为Ascend G330D固件(U8825D,Android 4.0,V100R001C17B933,中国联通)2012-08-21
华为Ascend G330D固件(U8825D,Android 4.0,V100R001C17B935,中国联通)2012-09-06
华为Ascend G330D固件(U8825D,Android 4.0,V100R001C17B938SP1,中国联通)2012-10-10
华为Ascend G330D固件(U8825D,Android 4.0,V100R001C17B951,中国联通)2012-10-26
华为Ascend G330D固件(U8825D,Android 4.0,V100R001C17B953,中国联通)2012-11-12
华为Ascend G330D固件(U8825D,Android 4.0,V100R001C17B956,中国联通)2012-12-11

အားလုံးပေါင်း (၇) မျိုးတိတိ ကျွန်တော် ရှာပေးလိုက်ပါတယ်
တရုတ်ဆိုက်တစ်ခုမှာ Gold တွေပေး Acc တွေလုပ်ပြီး ရှာထားရတာပါ
ကျေးဇူးမတင်ရင်တောင် အဆင်ပြေတယ်ဆိုတဲ့ ကွန်မန့်လေးတွေ မြင်ချင်ပါတယ်.. :)
Download ဆွဲရန် အတွက်
  တရုတ်စာဖြင့် box တစ်ခု တက်လာလျင်
firmware .zipကိုထပ်နှိပ်လိုက်ပါ
ဒါဆိုရင်တော့ Download အလွယ်တကူ ဆွဲလို့ရပါပြီ။
ဖိုင် ဒေါင်းလုပ်ဖို့ ပေးပါလိမ့်မယ်…

Thursday, December 27, 2012

Huawei U8825D Android Version 4.04 Root လုပ်နည်း





လိုအပ်တဲ့အချက်များကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ မိမိကွန်ပြူတာမှာ huawei driver ကိုကြိုတင် Run ထားရမယ်။    Driver ရယူရန်
အဆင့် (၁) ။       ။ Bootloader ကို unlock လုပ်ရပါမည်။
အဆင့် (၂) ။       ။ ClockworkMod Recovery တင်ရပါမည်။
အဆင့် (၃) ။       ။ Root access ဖြစ်ရန်အတွက် CWM Mode ဖြင့် root file ကို install လုပ်ရပါမည်။

Bootloader ကို unlock လုပ်နည်း
Bootloader ကို unloack မလုပ်ခင် အရေးကြီးသောဖိုင်များ ဖုန်းနံပါတ်များကို ပထမဦးစွာ backup လုပ်ထားပါ။
 (၁) Bootloader unlock လုပ်ရန်အတွက် ဒီနေရာ ကိုနှိပ်ပါ။အောက်ပါပုံအတိုင်းပေါ်လာပါမယ်။
(၂)           နံပါတ် (၁) တွင် မိမိလက်ရှိအသုံးပြုနေသော Gmail ကိုရိုက်ထည့်ပါ။
               နံပါတ် (၂) နေရာမှာတော့ SmartPhone နှင့် Tablet အမျိုးအစားရွေးမှာဖြစ်ပါတယ်။
                             ကျွန်တော်ရွေးထားတဲ့စာအတိုင်းသာတူအောင်သာရွေးလိုက်ပါ။
               နံပါတ် (၃) နေရာမှာတော့ Huawei U8825D ကိုရွေးရမှာပါ။
               နံပါတ် (၄) နေရာမှာတော့ Serial number ကိုထည့်ပေးရမှာပါ။ Serial number ကိုကြည့်ရန်
                              အတွက် Settings --> About phone --> Status --> Serial number မှာပါတဲ့
                              number တွေကိုရိုက်ထည့်ပါ။
               နံပါတ် (၅) နေရာမှာတော့ မိမိဖုန်းရဲ့ IMEI ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ IMEI ကိုကြည့်ရန်အတွက်ဖုန်းခေါ်တဲ့နေရာမှာ *#06# ကိုရိုက်ပါ။ IMEI နှစ်ခုပေါ်လာပါမည်။ အပေါ်ဆုံးက numberကိုရိုက်ထည့်ပါ။
               နံပါတ် (၆) နေရာမှာတော့ ဖုန်းရဲ့ Product ID ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ Product ID ကိုကြည့်ရန် အတွက် ဖုန်းခေါ်တဲံနေရာမှာ *#*#1357946#*#* ကိုရိုက်ပြီးပေါ်လာတဲ့ number ၈လုံး
ကိုရိုက်ထည့်ပါ။                
               နံပါတ် (၇) ရှေ့ကခလုပ်ကိုနှိပ်ပါ။
အောက်ပါပုံအတိုင်းပေါ် Unlock Code တောင်းခြင်းပြီးသွားပါပြီ ။ မိမိ mail ထဲ့သို့ mail ရောက်မရောက်စစ်ပါ။ ချက်ချင်းရောက်နိုင်သလို ၂ ရက် မှ ၃ရက် ထိကြာတတ်ပါသည်။

(၃) Mail ထဲသို့ unlock code ရောက်လာပြီဆိုရင် unlock လုပ်ဖို့အတွက် G330D a key to unlock zip ကို ဒီနေရာ မှာဒေါင်းပါ။
     download ရလာသော G330D a key to unlock zip file ကို My Computer Destop မှာဖြည်ပါ။
(၄) ဖုန်းကို setting --> fastboot ကို off ပြီး ပါဝါပိတ်ပါ။ Volume Down + power ကို နှိပ်၍ bootloader ကိုရပ်ပါ။ 3G logo ပေါ်လာလျှင် ဖုန်းဖြင့် ကွန်ပြူတာနှင့်ချိတ်ပါ။
(၅)ဖြည်ထားသော G330D a key to unlock file ထဲမှ
G330D键解锁.exe ကို Run ပါ။
(၆)Box တစ်ခုပေါ်လာလျှင် mail ထဲသို့ရောက်လာသော unlock code ကို * နေရာတွင်ရိုက်ထည့်ပြီး enter ကိုနှိပ်ပါ။ ဖုန်းRestart ကျသွားပါမည် ။ unlock လုပ်ခြင်းအောင်မြင်စွာပြီးသွားပါပြီး။

ClockworkMod Recovery တင်နည်း
CWM 8825D ရယူရန်
Download ရယူထားသောCWM 8825D Zip ဖိုင်ကို Extract Files လုပ်ပါ။
ဖုန်းကိုပါဝါပိတ်၍ Volume Down + power ကိုနှိပ်၍  bootloader ကိုရပ်ပါ။
CWM 8825D ကို  ဖွင့်ပါ ၊ Enter ကိုနှိပ်ပါ ၊Enter နှိပ်ပါ။ ဖုန်း reboot ဖြစ်သွားပါမည်။ reboot ပြန်တက်လာတဲ့အထိ စောင့်ပေးပါ။ ကွန်ပြူတာမှ မဖြုတ်ရ။ပြန်တက်လာလျှင်
CWM recovery တင်တာပြီးသွားပါပြီ။

Root access ဖြစ်ရန်အတွက် CWM Mode ဖြင့် root zip file ကို install လုပ်နည်း
ှSuperuser ရယူရန်
Download ရယူထားသော Superuser-3.1.3-arm-signed Zip ဖိုင်ကို ဖုန်းရဲ့ SD card ထဲသို့ထည့်ပါ။
ဖုန်းကိုပါဝါပြန်ပိတ်၍ Volume Up + power ကိုနှိပ်၍ recovery mode ထဲသို့ဝင်ပါ။
-install zip from sdcard ကို Volume up & Volume down ဖြင့်ရွေး၍ power ခလုပ်နှိပ်၍ ၀င်ပါ။
-choose zip from sdcard ကို ရွေး၍ power ခလုပ်ကိုနှိပ်ပါ။
sdcard ထဲသို့ရောက်သွားပါမည်။ စောစောကထည့်ထားတဲ့ Superuser-3.1.3-arm-signed zip ကို Volume up & Volume down ရွေးပြီးpower ခလုပ်ကိုနှိပ်ပါ။
-Yes - Install
Superuser-3.1.3-arm-signed.zip ဖိုင်ကို ရွေးပြီး power ခလုပ်ကိုနှိပ်ပါ။
Insatll from sdcard complete.ပေါ်လာလျှင် +++++Go Back+++++ ကို ရွေး၍ power ခလုပ်ကိုနှိပ်ပါ။
- reboot system now ကိုရွေးပြီး power ခလုပ်ကိုနှိပ်ပါ။
ဖုန်းပါဝါပြန်တက်လာသောအခါ Applications များထဲတွင် SuperUser ကိုမြင်တွေ့ရမှာဖြစ်ပြီး root
လုပ်ခြင်းအောင်မြင်သွားပါပြီ။ 


U8825D Recovery error ဖြေရှင်းနည်း 


U8825D CWM Recovery.rar ဒေါင်းရန်
                အရင်ဆုံးဖုန်းကိုပါဝါပိတ်ပါ၊ ဘက်ထရီဖြုတ် ၅ စက္ကန့်နေရင်ပြန်တပ် vol down + power ကိုတွဲနှိပ် huawi 3G logo မှာရပ်နေလိမ့်မယ်၊ ဒေါင်းထားတဲ့ဖိုင်သုံးဖိုင်ကို Select လုပ်ပြီးဖြည်လိုက် ပြီးရင် window bat ဖိုင်ကို run လိုက် enter ခေါက် နံပါတ် ၁ ကိုနှိပါ enter ခေါက် ဆက်ခေါက် ဖုန်း restart ကျသွားမယ်၊ ဒါဆိုရင် recovery သွင်းလို့ပြီးပါပြီ၊ vol up + power ကိုတွဲနှိပ်ပြီး စစ်ကြည့်လိုက်ပါ........ အဆင်ပြေပါစေ.......

ဝမ်းတွင် အစာမရှိလျှင် (လ္ဘက်ရည်ကြမ်း) သောက်သင့်မသောက်သင့်


Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက်တတ်ပါတယ်။

လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အချိန်မှာ မှီဝဲတာအကောင်းဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။

ဖြစ်စဉ်ကဒီလိုပါ။ ဝမ်းထဲမှာ အစာမရှိပါ။ သောက်လိုက်သော လက်ဘက်ရည်က ဝမ်းထဲသို့ဝင်သည်။ ဝမ်းထဲတွင် အစာခြေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်ဆစ်နှင့် အခြားသောအက်ဆစ်များနှင့် လျင်မြန်စွာဓာတ်ပြုသည် ထိုအခါ ခြေဖျက်စရာ ကယ်လိုရီ အဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင် ရှိသော အက်ဆစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများသို့လည်း ပြန့်ကျဲသည် အကျိုးဆက်အားဖြင့် မအီမလည်၊ မသက်မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ်မတည့်၍ ယားယံခြင်း၊ ခြေလက်များ ဖောယောင်လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။

တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ လက်ဘက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိပဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်က အထက်ဖော်ပြပါထက် ပိုနိုင်ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဘက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။

Android Phone အတွက် ကိုယ်ပိုင် Web Browser ဖန်တီးချင်သူများအတွက်..

  • ဒီပုံကတော့ နမူနာ www.myanmarplay.com ကို ဖန်တီးထားတဲ့ပုံပါ….ကွန်မကောင်းလို့ ပို့စ်အနေနဲ့ မတင်နိုင်၊ပြီးတော့ ဖန်တီးရတာလည်း လွယ်ကူလို့ပါ…မိမိစိတ်ကြိုက် Theme,Logo,Splash Screen..စသည်တို့ကို သုံးပြီး ဖန်တီးနိုင်ပါတယ်။ Maxthon Mobile Browser ဖြစ်ပါတယ်။ :-)
  • ဒီလိုဖန်တီးရန် အတွက် ကျနော်တို့ လိုအပ်တာကတော့
  1. မိမိနှစ်သက်ရာ Browser name:
  2. အသုံးပြုမည့် Browser အတွက် JPG or PNG, < 50KB, 72×72 pixels ရှိ Browser Icon
  3. default homepage or URL
  4. 480×800 image (PNG or JPG, <500KB) ရှိ Splash Screen တို့ကို ကြိုတင်ပြင်ဆင်ထားရင် ဖန်တီးရာမှာ ပိုအဆင်ပြေပါတယ်။
mmply
အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဖန်တီးရန်အတွက် ဒီလင့်ကိုသာ နှိပ်ပြီး စတင်လုပ်ဆောင်နိုင်ပါပြီ…
link....http://custom.maxthon.com/custom/index.php

ကိုယ်ပိုင် Blog လေးတစ်ခု ပြုလုပ်နည်း မြန်မာလို ဘာသာပြန်ပေးထားတဲ့ EBook လေးပါ။



ကျွန်တော် ဒီတစ်ခါ တော့ မြန်မာ Blog ရေးနည်းအကြောင်းလေး E-Book လေးကို ကျွန်တော့ကို အစ်မ တစ်ယောက်က Mail နေ တစ်ဆင့်တောင်းထားလို့ ကျွန်တော် အခုတင်ပေးလိုက်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးက စာဖတ်ပရိတ်သတ်တွေလဲ ဗဟုသုတအနေနဲ့ ဖတ်လို့ရပြီး လေ့လာလို့ရအောင် တင်ပေးလိုက်ပါတယ်ဗျာ။ပြီးတော့ Blog ရေးနည်းလေးကို ဖတ်ပြီး ကိုယ့်ဘာသာ ကိုယ်ပိုင် မြန်မာ Blog လေးတစ်ခု ကောင်းကောင်းတည်ဆောက်နိုင်အောင်လို့ပါ။     
ပြီးတော့ သူတစ်ပါးတွေ အတွက် ဗဟုသုတတွေ ရရှိပြီးအကျိုးရှိတဲ့ Blog လေးတွေ တည်ဆောက်နိုင်ကြပါစေနော်။ကျွန်တော်လဲ Blog ကို စလုပ်တည်းက ဆန်းတ၀ါးဝါးလေးပဲပေါ့။ဒီလိုပဲ ကြိုးစားပြီး စာတွေ ဖတ်လေ့လာရင်းနဲ့ တက်သွားခဲ့တာပါ။အခုထိ အရမ်းတော်သလားဆိုတော့ မတော်သေးပါဘူးဗျာ။လေ့လာနေဆဲ Blogger သမားလေးတစ်ယောက်ပါဗျာ။ကျွန်တော် သိသမျှတက်သလောက်လေးတွေ သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးရလို့ သူငယ်ချင်းတွေ အတွက်အကျိုးရှိခဲ့ရင် ကျွန်တော်က အရမ်းပျော်နေခဲ့တာပါဗျာ။
အခု တစ်လော ကျွန်တော့ ၀က်ဆိုဒ်လေးမှာ Tamplate ပြောင်းနေတာနဲ့ကော ကျွန်တော် နေမကောင်းနေတာနဲ့ ကျွန်တော့ IT Bank လေးမှာ Post တွေ ပြတ်သွားခဲ့ပါတယ်ဗျာ။အဲ့ဒီ အတွက် ကျွန်တော် IT Bank လေးရဲ့ စာဖတ်ပရိတ်သတ်လေးတွေကို ကျွန်တော် အနူးအညွှတ်တောင်းပန်ပါရစေဗျာ။ကဲ ကျွန်တော် လေကြောတော်တော် ရှည်သွားမိတယ်ဗျာ။စိတ်မဆိုးပါနဲ့နော်။Blog လုပ်နည်း မြန်မာလို ရေးထားတဲ့ E-Book လေးလိုချင်ရင် အောက်က Link လေးမှာ Download သွားယူလိုက်ပါဦးနော်။အဲ့ဒီ E-Books လေးတွေက မြန်မာလို အဆင့်ဆင့် ဘာသာပြန်ပေးထားပြီး ဓာတ်ပုံလေးတွေ နဲ့ပါ ရှင်းပြထားတဲ့ အတွက် သူငယ်ချင်းတွေ အားလုံး သဘောပေါက်နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။

How To Make Myanmar Blog By (ကိုစေတန်ဂေါ့) Download Site(1)

How To Make Myanmar Blog By (ကိုညီလင်းဆက်) Download Site(1)
How To Make Myanmar Blog By (ကိုညီလင်းဆက်) Download Site(2)

ကဲ.....သူငယ်ချင်းတွေ အားလုံး ကိုယ်ပိုင် Blog လေးတွေ လုပ်ပြီး အများအကျိုးအတွက် ဗဟုသုတလေးတွေ ပေးနိုင်ပြီး အောင်မြင်တဲ့ Blogger သမားလေးတွေ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် အချိန်ရရင် ရသလို Blog နဲ့ ပတ်သတ်တဲ့ နည်းပညာလေးတွေကို တင်ပေးပါ့ဦးမယ်ဗျာ။အော်....မေ့နေလို့ ကြောငြာဝင်လိုက်ဦးမယ်ဗျာ။ကျွန်တော့ IT Bank Site လေးကိုလဲ တခြားသူငယ်ချင်းတွေဆီ မျှဝေပေးကြပါဦးလို့ တောင်းဆိုပါရစေဗျာ။
                                                                                                                           ကြိုးစားလျက်......!